ပန်းပွင့်မဟုတ်သော ပန်းဂမ္ဘီရလောက၏ အရှင်သခင်သည်ကား "သပြေပန်း" ဖြစ်သည်။
မြန်မာပြည်ဖွား၊ မြန်မာမြေတွင် ကြီးပြင်းကြသူ အားလုံးသည် အမြတ်တနိုး "ပန်းသပြေ" ကိုသုံးကြသည်။ ထူးခြားသော အောင်မြင်မှုနှင့် မင်္ဂလာအပေါင်း ခညောင်းစေသော ပန်းဟု သတ်မှတ်သည်။ "လူသားတို့နှင့် လူသား တို့အား ကောင်းချီးမင်္ဂလာ ပေးစေသော နတ်မြတ်၊ ဒေဝတာကောင်းများအကြား ဆက်သွယ်ပေးသောပန်း" ဟု သတ်မှတ် ယူဆသည်။
ဝါဆို... ဝါခေါင်... ရေတွေကြီးလို့... သပြေသီးမှည့် ကောက်ရအောင်... ဟူသော မိခင်တို့၏ သားချော့ကဗျာသည် ကလေးဘဝမှ ရင်ထဲ 'သပြေ' ဟူသော အမည်နှင့် ရင်နှီးလာသည်။
သပြေညို ... ဆိုသည့် ပန်းဟူသော ကဗျာတို့သည်လည်း မြန်မာစာပေတွင် လွှမ်းမိုးခဲ့၏။ တစ်ခုသောပုဂံခေတ် အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာကရဝိတ်နှင့် တိုင်းခန်းလှည့်စဉ် ဇမ္မူသပြေမှ သပြေသီး ရေတွင် ကြွေကျသောအခါ ထွက်ပေါ်လာသော မြည်သံစွဲနှင့် ဗျောသံကို ဖန်တီးပြီး အလှူပေးကြသည်။ မင်္ဂလာဗျောကို ဂီတဖန်တီးသည်။ ဂမ္ဘီရသပြေမှ ပေးသော ဂီတသံ....။
နှစ်ကူး၊ နှစ်သစ်မင်္ဂလာတွင် သပြေခက်နှင့် နံ့သာရည်ပက်ဖြန်းခြင်း၊ အောင်ပွဲခံလာသူအား သပြေညွှန်၊ သပြေခက်နှင့်ကြိုဆိုခြင်း၊ သပြေဆောင်၍ လိုရာအောင်ခြင်း၊ မင်္ဂလာပွဲတွင်သပြေကို သုံး၍ မင်္ဂလာယူခြင်း၊ အိမ်ရှိ ဘုရာစင်တွင် သပြေထိုးခြင်း၊ အလိုပြည့်ရန် သပြေနှင့် ယတြာဆောင်ရွက်ခြင်း သပြေသည်ကား ထူးခြားလှသော ပန်းဖြစ်ပေသည်။ ထင်ရှားသော ဂမ္ဘီရကောင်းကျိုး အာနိသင်ဓါတ် သက်ဝင်နေသော ပန်းဖြစ်သည်။
ပညာရှင်များကဆိုသည်....
သောကြာနံ 'သ' နှင့် ကြာသပတေးနံ 'ပ' တို့ ပူးပေါင်းထားသော သပြေသည် ဗုဒ္ဓဘာသာဝင်တို့၏ အထူးအထွဋ်အမြတ်ပန်းဟု သတ်မှတ်သည်။
အရှင်ဗုဒ္ဓမြတ်စွာဘုရားသည် ကြာသပတေးနေ့တွင် ပဋိသန္ဓေယူသည်။ သောကြာနေ့တွင် ဖွားတော်မှုသည်။ ထို့ကြောင့် "အရှင်တော်ဗုဒ္ဓ၏ မြတ်သောနေ့နှစ်ပါးကို ကိုယ်စားပြုသော နံအက္ခ္ခရာနှင့် ဖွဲ့စည်းသော ပန်းသည် အောင်ခြင်းအလုံးစုံ တင့်တယ်မြင့်မြတ်ခြင်း အဖြာဖြာတို့၏ သန္ဓေယူရာ ပေါက်ဖွားရာ ပန်းဟူ၍ သပြေကို သတ်မှတ်သည်။
သောမဂြိုလ်၊ ဓါတ်မသဘာဝကို ဆောင်ယူလာသော အတိသော မကောင်းခြင်းဓာတ်ကို ပေးသော ပန်းဟူ၍လည်း လောကဓာတ်ဆိုင်ရာ ရှေးပညာရှိကြီးများက ဆို၏။ ဂြိုလ်သက်(၂၁) ရှိသော သောကြာနှင့် ဂြိုလ်သက် (၁၉) နှစ်ရှိသော ကြာသပတေးတို့ ပေါင်းစပ်သော် (၂၁+၁၉=၄၀) (၄၀) ဟူ၍ ရ၏။ လေးဆယ်ဟူ၍ ရေး၏။ သပြေသည် လေးနေသည့်အရာများ၊ ခက်ခဲသောအရာများကို ဆယ်ယူစေသော ပန်းဟူ၍လည်း ဗေဒင်လောကသားများက အနက်ဖွင့်ကြပြန်ပါသည်။
ဤသို့ အလုံးစုံကောင်းသော သပြေကို စနစ်တကျ သုံးစွဲရန် တင်ပြလိုပါသည်။ လူများပြောကြသည့် 'အောင်သပြေ' ဆိုသည်ကို အရင်ဦးစွာ ရှင်းပြပါမည်။
သပြေပန်းတင်သည်ဆိုရာတွင် ဈေးမှ ဝယ်ယူလာသော သပြေကို ရေဆေးပြီး၊ ညောင်ရေအိုးတွင် လှပအောင် ဝေနေအောင် ထိုးကြသည်က များသည်။ စနစ်တကျ သပြေကို 'အောင်သပြေ' ဖြစ်အောင် ဖန်တီးပြီးမှ ထိုးရမည်ကို လူအများ မေ့လျှော့နေကြသည်။
သပြေခက်တစ်ခုတွင် သပြေညွှန့် အရွက်(၇) ရွက်ပါသော သပြေပန်းကို အောင်သပြေဟု ခေါ်ပါသည်။
ဆိုလိုသည်မှာ ဈေးမှဝယ်ယူလာသော သပြေကိုင်း တစ်ခုကို ကြည့်ပါ။ အရွက်(ရ)ရွက်သာထား၍ ကျန်အရွက်များ ဖယ်ရှားလိုက်ပါ။ 'အောင်သပြေ' ဖြစ်သွားပါမည်။
တဖန် ဈေးမှ ဝယ်ယူလာသော သပြေရိုးတံမှ အကိုင်အခက် (၇)ခုတွက်၍ ၎င်းအကိုင်းအခက် အသီးသီးတွင် သပြေရွက်(၇)ရွက်စီ ထားရှိပါသည်။ အကိုင်းအခက် (၇)ခက် (၇၉) ရွက်ပါသော သပြေခက်ကို 'အောင်သပြေ' ဟုခေါ်သည်။
ဆုတောင်းပြည့်စေသော သပြေပန်း၊ သပြေခက်ဖြစ်အောင်၊ 'အောင်သပြေ' ဖြစ်အောင် သပြေတို့ကို စီစဉ်ပြီး ဘုရာတင် လိုရာဆုတောင်းပါက တောင်းဆုပြည့်ခြင်း ကြုံရပါလိမ့်မည်။
အောင်သပြေပန်း၊ အောင်သပြေညွန့် တင်သောအခါတွင် မည်သည့်ပန်းအိုးနှင့်တင်စေ ရပါသည်။ သို့သော် အကောင်းဆုံးသည်ကား မြေအိုး၊ စဉ့်ရေသုတ် ညောင်ရေအိုး၊ အတာအိုး၊ အောင်အိုး ရွှေရောင်အိုးနှင့် ထိုးပါက ပို၍ အကျိုးများစေပါလိမ့်မည်။
သပြေ (၄)မျိုး ထပ်ခွဲပါတယ်။ (က) ဗုဒ္ဓသပြေ (ခ) ရာဇသပြေ (ဂ)၀ဏ္ဏသပြေ (ဃ) ကာယသပြေ ဆိုပြီး ခွဲခြားပါတယ်။
ဘုရားကျောင်းကန်မှာ ပေါက်တဲ့ သပြေ၊ မြင့်မြတ်သော ပရဝဏ်မှာ ပေါက်တဲ့သပြေမို့ 'ဗုဒ္ဓသပြေ' လို့ ခေါ်ပါတယ်။ အိမ်မှာမသုံးရ ။ အိမ်ထောင်ရေး ပြဿနာ တက်တတ်ပါသည်။ လူမှုရေး၊ စီးပွားရေးတွင် မသုံးရ ခိုက်တတ်ပါသည်။ ဘာသနာပွဲ၊ ကန်တော့ပွဲ အစရှိသည်မှအစ စေတီ၊ ပုထိုး၊ ဘုရားတင်ခြင်းပြုပါ။ အိမ်ရှိ ဘုရာစင်တွင် မတင်ကောင်းပါ။
မင်းအုပ်ချုပ်သူဖြစ်စေ၊ မင်းအစိုးရသူ၏ အိမ်ဝိုင်းအတွင်းပေါက်သော သပြေကို 'ရာဇသပြေ' ဟုခေါ်ပါသည်။ ၎င်းသပြေကို သာသနာပွဲ၊ ကန်တော့ပွဲတွင် သုံးပါ။ အိမ်တွင် မသုံးရ၊ အိမ်ပူတတ်သည်။
တောတောင်တွင် ပေါက်သော သပြေကို 'ဝဏ္ဏသပြေ' ဟုခေါ်ပါသည်။ မြစ်ကမ်းဘေးတွင်ပေါက်သော သပြေကို 'ကာယသပြေ' ဟုခေါ်သည်။ ၎င်းသပြေများသည် အထူးကောင်းကျိုးပေးသော သပြေများဖြစ်ပါသည်။ မင်္ဂလာပွဲများ၊ အိမ်များ၊ အလုပ်များတွင်သုံးပါ။ ထူးထူးခြားခြား လူများအတွက် ကောင်းကျိုးပေးသော သပြေများဖြစ်ပါသည်။
သပြေကို သုံးစွဲရန် နည်းလမ်းများစွာထဲက လာဘ်ပွင့်၊ ကံပွင့်ပြီး အောင်ဓါတ်ရစေဖို့ နည်းကောင်း တစ်ခုတင်ပြပါမည်။ အလုပ်စီးပွား၊ ငွေကြေးနှင့် ပညာအတွက်သာမက အခြားသော ကောင်းခြင်းများပါရစေသော နည်းဖြစ်ပါသည်။
"ကြေးလင်ပန်းအဝိုင်းတစ်ချပ်ပေါ်တွင် သန့်စင်သောသဲ နို့ဆီဘူး (၉)လုံး ဖြန့်ခင်းပါ။ သဲပေါ်တွင် ရွှေရောင် အောင်အိုးတင်ပါ။ ရွှေရောင် အောင်အိုးအတွင်း ကျောက်စရစ်ခဲ (၉) လုံးထည့်ပါ။ ခွက်ငယ်နှင့် ရေ(၉)ခွက် ဖြည့်ပါ။ ၎င်းအောင်သပြေ(၇)ညွန့် စိုက်ထိုး၍ အမြင့်တွင်တင်ပါ။ ထူးခြားစွာ အကျိုးရရှိမည်။
မည်သူမဆို လုပ်၍ရပါသည်။ သို့သော် ဤ 'အောင်သပြေပန်း' ယတြာ သို့မဟုတ် 'အောင်ပန်းပွင့်' ယတြာကို ဆောင်ရွက်သောအခါ အချိန်သတ်မှတ်ပါသည်။ အောင်အိုးထိုး၍ အမြင့်တွင်တင်သော ကာလကို နေ့အလိုက် သတ်မှတ်ချိန်ရှိပါသည်။ ၎င်းအချိန်အတွင်း အပြီးသတ်ဆောင်ရွက်ရပါသည်။
|
နေ့
|
အချိန်
|
|
တနင်္ဂနွေနေ့
|
နံနက် ၈:၂၄ မှ ၁၀:၄၈ ကြား
|
|
တနင်္လာနေ့
|
နံနက် ၆:၀၀ မှ ၈:၂၄ ကြား
|
|
အင်္ဂါနေ့
|
နံနက် ၁၀:၄၈ မှ နေ့ ၁:၁၂ ကြာ
|
|
ဗုဒ္ဓဟူးနေ့
|
နံနက် ၆:၀၀ မှ ၈:၂၄ ကြား
|
|
ကြာသပတေး
|
နံနက် ၈:၂၄ မှ ၁၀:၄၈ ကြား
|
|
သောကြာ
|
နံနက် ၆:၀၀ မှ ၈:၂၄ ကြား
|
|
စနေ
|
နံနက် ၁၀:၄၈ မှ ၁:၁၂ ကြား
|
ဆိုလိုသည်မှာ မည်သူမဆို 'အောင်သပြေ' အောင်ပန်းပွင့်အောင် အိုးအစီအရင်ယတြာ ' ပြုပါက တနင်္ဂနွေနေ့တွင် တင်လျှက် နံနက် (၈:၂၄) မှ (၁၀:၄၈) ကြား စီရင်ပြီး တင်ရမည်။ ပန်းများ ညှိုး၍ လဲလှယ်ပါကလည်း သတ်မှတ်နေ့ သတ်မှတ်ချိန်တွင် ဆောင်ရွက်ပါ။ လိုရာဆုတောင်းပါက ၎င်းလင်ပန်းအတွင်းရှိ သဲထဲတွင် အမွှေးတိုင်တစ်တိုင် ထွန်းစိုက်၍ လိုရာဆုတောင်းပါ။
|