|
လုပ်ဆောင်သမျှ အလုပ်တို့ မှန်းချက်မကိုက် ဖြစ်နေမည်။ ဈေးကွက် ရှာဖွေရင်းပျောက်မည်။ ငွေကြေးအမြတ်များများကို မကြည့်နိုင် မရှုံးလျှင် ကျေနပ်နေရသော အခြေအနေဆိုက် ရောက်နေပေသည်။ ပြင်ပလူတို့၏ ချစ်ခင်မှုကို ရရှိသည်။ အိမ်ထောင်ဖက် ကျန်းမာရေး ချုချာမည်။ အိမ်ထောင်ပြုရေး ချစ်ရသူနှင့် ဆင်မပြေ၊ ဇွတ်တိုး စေ့စပ်လျှင် ပျက်လိမ့်မည်။ ပညာရေး တိုးတက်မှု ရှိသည်။ ရွှေဈေးနှုန်းကျနေရာမှ ရုတ်တရက် ထိုးတက်သွားမည်။ မသွားချင်သောနေရာ ရွှေ့ပြောင်းရတတ်သည်။ ငွေကိစ္စလူမျိုးခြားနှင့် မျက်နှာပျက်ရတတ်သည်။ ကလေးတို့ဆေးရုံ ရောက်တတ်သည်။
|