Welcome Guest
Download Font
advertisements
(၁) ဂဏန်းသမား
Friday

မည်သည့် အင်္ဂလိပ်လတွင်မဆို (၁၊ ၁၀၊ ၁၉၊ ၂၈) ရက်နေ့များတွင် မွေးဖွားလာသော သူများကို (၁) ဂဏန်းသမားများဟု သတ်မှတ်သည်။ ရီချင်းသင်္ကေတ (၆၄) ပါး အနက်(၄၂) မြောက် သင်္ကေတ အမှတ်အသားဖြင့် ယခုလ သင်၏ ကံကြမ္မာအား စိုးမိုးထားသည်။ I- အိဟု အမည်ရသည်။ မိုးကြိုးသင်္ကေတ အထက်မှ လေသင်္ကေတဖြင့် ဖော်ကျုးထားသည်။ လှပစွာ ဖူးပွင့်နေသော နှင်းဆီနီနှင့် အင်အားရှိသရွေ့ အစွမ်းကုန် လွတ်လပ်စွာ ပျံသန်းနေသော ငှက်ငယ် တစ်ကောင်၏ နိမိတ်သင်္ကေတဖြင့် ဖော်ကျုးထားသည်။ အထူးကောင်းသည်။ ဘ၀တိုးတက်ခြင်း၊ ရှေ့သို့ တက်လမ်းများ ရှာဖွေမည့် နိမိတ်သင်္ကေတ ဖြစ်သည်။ ဤကာလ အတွင်းတွင် ကာလအတန်ကြာ ပိတ်နေသော စီးပွားရေး လမ်းကြောင်းများ ပြန်လည် ပွင့်လန်းလာမည်။ လွန်ခဲ့သော ကာလက ခက်ခက်ခဲခဲ အပင်ပန်းခံ ဆောင်ရွက်ထားသည့် ကိစ္စများမှ ထူးခြားသော အကျိုးကောင်းများ ရရှိခံစားရမည်။ စုပေါင်းလုပ်ငန်းများ ဆောင်ရွက်အကျိုးပေးမည်။ ကာလအတန်ကြာ ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်သက်ဝင် လှုပ်ရှားလာမည်။ ရည်ရွယ်ချက်များ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပါ။ သူတစ်ပါး မတော်မတရား လိမ်လည် လှည့်ဖြားထားသော ရပိုင်ခွင့်၊ အခွင့်အလမ်းများ လက်ဝယ်ပြန်ရမည်။ လုပ်ငန်းခွင်မှ သူများအဖို့ လူသစ်များနှင့် ပူးတွဲ ဆောင်ရွက်ရမည်။ ရင်းနှီးသူများနှင့် မကြာခဏ စကားများရတတ်သည်။ ခရီးကိစ္စ စီစဉ်ဆောင်ရွက်မှုများ အဆင်ပြေမည်။ မိသားစုအတွင်းရှိ အကြီးအကဲ ကျန်းမာရေး ဂရုစိုက်ပါ။

Birthday(Horoscope) for September
1 2 3 4 5
6 7 8 9

မိမိရဲ့ မွေးရက်နဲ့ ပတ်သက် ပြီး ကိုယ်တိုင် မသိနိုင်တဲ့ အကြောင်း တရားလေးတွေ ကို သိရဖို့ ဂဏန်း ဗေဒင် ကဏ္ဍ လေးကို တင်ပြလိုက် ပါတယ်။

Home :: Advertise :: Book :: Business :: Entertainment :: Fashion :: Forum :: Horoscope :: News :: Sports :: Travels